မြစ်ကြီးနားမြို့မှ မြေမြင့်အုပ်ချုပ်​ရေးမှူးရုံး မီး​လောင်​နေ

မြစ်ကြီးနားမြို့ ​မြေမြင့်ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးသည် ယနေ့ည ၉ နာရီခန့်မှ စတင်ပြီး မီးလောင်​ကျွမ်းနေ​ကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

မြစ်ကြီးနားမြို့မှ မြေမြင့်အုပ်ချုပ်​ရေးမှူးရုံး မီး​လောင်​နေ

 

“ခဏက ၈ နာရီ မိနစ် ၅၀ လောက်မှာစလောင်တာ။ ခုလည်းလောင်နေတုန်းပဲ။ ခုတော့ မီးသတ်ကား ၃စီးရောက်ပြီ ” ဟုပြောသည်။

မီး​လောင်မှု​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ/မရှိကိုမူ မသိရ​သေးပါ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ​​နောင်နန်း​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးရုံး မီး​လောင်ပြာကျခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ