လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ လေယာဉ်များဖြင့် စစ်အင်အားဖြည့်တင်း​နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့မနက် ၁၀ နာရီကျော်ဝန်းကျင်၌ စစ်ကောင်စီတပ်မှ စစ်အင်အားတင်ဆောင်လာသည့် လေယာဉ်နှစ်စီး လွိုင်ကော်လေဆိပ်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ လေယာဉ်များဖြင့် စစ်အင်အားဖြည့်တင်း​နေ

လေယာဉ်စုစုပေါင်း သုံးစီးဆင်းသက်ခဲ့ပြီး တစ်စီးမှာ ခရီးသည်လေယာဉ်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။

“လေယာဉ် သုံးစီးဆင်းတာ။ ပထမတစ်စီးကတော့ ခရီးသည်လေယာဉ်။ နောက်နှစ်စီးကတော့ စစ်သားအင်အား ၁၀၀ လာချတာတဲ့။ အင်အားထပ်ဖြည့်တာ”ဟု ပြောသည်။

မွန်းလွဲတစ်နာရီဝန်းကျင်နှင့် သုံးနာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေယာဉ်နှစ်စီး အတက်အဆင်းရှိပြီး စစ်အင်အားအပြင် လက်နက်များပါ တင်ဆောင်လာသည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ယ​နေ့ည ၈နာရီ ၃၀ မိနစ်အချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ လွိုင်​ကော်မြို့အနီးရှိ ​ကျေးရွာများတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ ​လေယာဥ်များပျံဝဲ​နေ​ကြောင်း ​ဒေသခံတစ်ဦးက​ပြောသည်။

ကယားပြည်နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးခက်အခဲရှိကြောင်းသိရသည်။

Photo Courtesy by CJ

သင့်ထင်မြင်ချက်ရေးပေးပါ