The 74 Media

ခင်ဦးတွင် စစ်ရှောင်ပြည်သူများ သောက်သုံးရေရရှိရန်ခက်ခဲနေ

နွေရာသီကာလ အပူချိန်မြင့်မားလာပြီး ရေတွင်း၊ ရေကန်များ ခမ်းခြောက်လာသဖြင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ပိုင်းရှိ စစ်ရှောင်ပြည်သူများ သောက်သုံးရေရရှိရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသူများမှ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသူများတွင် ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ ရှစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

ဖားကန့်တွင် ကျောက်စိမ်းတူးသည့်ကားများကို စစ်ကောင်စီဖမ်းဆီး၊ ငွေညစ်ချင်သဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများပြော

ကုမ္ပဏီမြေစာသယ်ကားများနှင့် သဲကျောက်သယ်သည့် ကားများကို ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြား ဥရုချောင်းဖြတ်ကူးသည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

မြစ်ကြီးနားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ သုံးဦးတွေ့

နေမကောင်းသောကြောင့် ဆေးစစ်ရာမှ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်နေထိုင်သည့် မိသားစု သုံးဦးတွင် ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

နေရပ်ပြန်စစ်ရှောင်များ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူအညီ လိုအပ်နေ

ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ကြသော မလိဆွတ်ယန်ကျေးရွာ ဒေသခံပြည်သူများ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူညီများလိုအပ်နေကြောင်း သိရသည်။

သီလရှင်ဝတ်နေစဉ်ပျောက်ဆုံးသွားသူကို နှစ်ပတ်ကြာသည်အထိပြန်မတွေ့သေး

သီလရှင်ဝတ်နေချိန် ပျောက်ဆုံးသွားသော ဗန်းမော်မြို့မှ မိန်းကလေးတစ်ဦးကို နှစ်ပတ်ကြာအထိ ပြန်မတွေ့ သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ အင်းတော်မြို့နယ်တွင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များနှင့် ဆက်စပ်မှုရှိသည်ဟူသောစွပ်စွဲကာ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မကြာခဏမီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အရက်မူး စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု မလိခကျေးရွာတွင် သူငယ်ချင်းနှစ်ဦး အချင်းများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားကာ  အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဗလီတစ်လုံးနှင့် စာသင်ကျောင်းအပြင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရှိ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတို့ကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းတွေ့

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် မရှီကထောင်ကြိုးတံတားအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဖျာရောင်းသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ဖျာလိုက်လံရောင်းချသည့်ဈေးသည်တစ်ဦး ယမန်နေ့ နေ့လည် ၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ကုဋေမှော်ကျေးရွာတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။

ဖားကန့်တွင် ဒေသခံ ၈၀ ခန့်ကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ဒေသခံ ၈၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။