Month: November 2023

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးယားဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ ညနေ ၅ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အညံ့မခံသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို AA တိုက်ခိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

စစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းအချို့ကို တော်လှန်ရေးအဖွဲ့များပိတ်ထား

အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းကို သုံးရက်မှ ငါးရက်အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်းသိရသည်။

ပဲခူးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နှင့် BPLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၃၅၁ တပ်စခန်းကို ယနေ့နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်နှင့် ရခိုင်တွင် ညီနောင်မဟာမိတ်က စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

မံစီတွင် ဆိုင်ခန်းပေါင်းဆယ်လုံးကျော် မီးလောင်

မံစီမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က နေအိမ်နှင့် ဈေးဆိုင်ခန်းပေါင်း ဆယ်လုံးကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့က သတင်းတု သတင်းမှားတွေရဲ့ နောက်ကွယ်

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ အခုရက်ပိုင်းအတွင်း သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဆိုသလို ထွက်လာနေပြီး ဒေသခံပြည်သူတွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်

စစ်ကောင်စီကတပ်စွဲထားသည့် တနိုင်းမြို့နယ်၊ တရုံကျေးရွာရှိ တပ်စခန်းက ယမန်နေ့ည ၁၀ နာရီခန့်မှစတင်ကာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း သိရသည်။

TNLA က စစ်ကောင်စီစခန်းတစ်ခုကို ထပ်မံသိမ်းပိုက်၊ လေယာဉ်မှချပေးသော လက်နက်ခဲယမ်းနှင့်ဆေးဝါး သေတ္တာများလည်း ရရှိခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်သကဲ့သို့ စစ်ကောင်စီလေယာဉ်မှ ချပေးသော လက်နက်ခဲယမ်းများနှင့် ဆေးဝါးပါ သေတ္တာ ၁၃ လုံးကိုသိမ်းဆည်းရမိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီစခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆို

ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်တဲ့သူများလာတာဟာ စစ်ကောင်စီတပ်ရဲ့ နေဝင်ချိန်အစဖြစ်တယ်

မြန်မာနိုင်ငံနေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် လေကြောင်းပစ်ကူတွေကိုလည်း လိုသလောက်မရနိုင်တော့တာမို့ တပ်စခန်းအများအပြားကို စွန့်ခွာမှုတွေရှိနေသလို လက်နက်ချအလင်းဝင်တာတွေကိုလည်း အများအပြားတွေ့လာရတာပါ။

ပုလဲမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းတို့ကို ယနေ့နံနက် ခုနှစ်နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။