Month: October 2021

ဖယ်ခုံတွင် စစ်ကောင်စီတပ်ကို PDF အလစ်ဝင်တိုက်ပြီး စစ်ကောင်စီတပ်သား ငါးဦးသေ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၃၆ ကို ယမန်နေ့ ည ၉ နာရီခွဲခန့်က ဖယ်ခုံ PDFများ အလစ်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး...

တန့်ဆည်မြို့တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ​သဖြင့် သုံးဦး​သေ၊ စစ်ကောင်စီရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျဆုံး

လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် တန့်ဆည်မြို့ ကံထူးမကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသော​ကြောင့် သုံးဦး​သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တန့်ဆည်မှ စစ်ရှောင်ပြည်သူများ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထပ်မံတိမ်းရှောင်ရ

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာမှ စစ်ရှောင်ပြည်သူများ တိမ်းရှောင်နေသည့် နေရာသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်များသိမ်းဆည်းရမိ

ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်မြေပြင်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်အချို့သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

မြစ်ကြီးနား-ရန်ကုန် အဝေးပြေးကားများ ယာဉ်စီးခဈေးတက်

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ မြင့်မားလာသောကြောင့် မြစ်ကြီးနား-ရန်ကုန် အဝေးပြေးကားများ၏ ယာဉ်စီးခဈေးနှုန်းမြင့်တက်သွားကြောင်းသိရသည်။

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်သဖြင့် ဆယ်ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် လဂျားဘွမ်ကျေးရွာနှင့် တရုံကျေးရွာအကြားတွင် ယနေ့ နံနက် ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်ပွားနေပြီး သေနတ်သံများ မြို့ထဲမှ ကြားနေရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒဂေါ်လမ်းခွဲတွင် ယနေ့နံနက် ၆ နာရီခွဲမှ ၈ နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် သေနတ်သံများ မြို့ထဲက ကြားရသည်ဟု သိရသည်။

မြစ်ကြီးနားတွင် ဆိုင်ကယ်မတော်တဆဖြစ်သူ၏ မိသားစုဝင်ကို ရှာဖွေနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် သတိလစ် မေ့မြောနေသူ အမျိုးသားတစ်ဦး၏ ဆွေမျိုးများကို ရှာဖွေနေကြောင်း သိရသည်။

နန့်မွန်းမြို့တွင် စစ်လက်ကျန်ဗုံးသီးကြောင့် ကလေးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ရှိ ရပ်ကွက်(၂)တွင် ယမန်နေ့ည ခြောက်နာရီခွဲအချိန်က ဗုံးသီးကို ဆော့ကစားစဉ် ပေါက်ကွဲခဲ့သောကြောင့် ကလေးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မိုးမောက်တွင် ရဲတပ်ကြပ်နှင့် ယောက်ဖဖြစ်သူတို့ သေနတ်ထောက်ဖမ်းဆီးခံရ

မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးနှင့် ယောက်ဖဖြစ်သူတို့ကို ယမန်နေ့ ည ၆ နာရီခွဲခန့်၌ အမည်မသိလူတစ်စုက ဖမ်းဆီးသွားကြောင်း သိရသည်။