ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် သတိလစ် မေ့မြောနေသူ အမျိုးသားတစ်ဦး၏ ဆွေမျိုးများကို ရှာဖွေနေကြောင်း သိရသည်။

နားတွင်သွေးထွက်ပြီး သတိလစ်မေ့မြောနေသော အသက် ၄၀ အရွယ်အမျိုးသားကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု လူမှုကယ်ဆယ်ရေး အသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူ့ဘာသာ ခြံစည်းရိုးအုတ်တံတိုင်းကို တိုက်မိပြီးလဲတာ။ အခုသူ့ကိုဆေးရုံကြီးမှာ ပို့ထားတယ်။ နားမှာတော့ သွေးထွက် နေတယ်။ ကျွန်တော်တို့လည်း လိုင်းပေါ်မှာပုံတွေတင်ပြီးတော့ လူနာရှင်ကိုတော့ ရှာနေတယ်။” ဟု သူကပြောသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ပြည်သူတစ်ဦးက အကြောင်းကြားလာသည့်အတွက် သွားရောက်ကူညီပေးခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

မြစ်ကြီးနားမြို့ ဘူးတာတိုက်တန်းရှေ့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က လမ်းပြောင်းပြန် မောင်းနှင်လာသောကြောင့် သုံးဘီးဆိုင်ကယ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *