ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒဂေါ်လမ်းခွဲတွင် ယနေ့နံနက် ၆ နာရီခွဲမှ ၈ နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် သေနတ်သံများ မြို့ထဲက ကြားရသည်ဟု သိရသည်။

တိုက်ပွဲကြောင့် ထွက်ပေါ်လာသော အသံများတွင် လက်နက်ကြီးသံများ၊ စက်သေနတ်သံများ ကြားနေရကြောင်း မိုးမောက်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်အစောကြီး ၆ ခွဲလောက်ကတည်းက ပစ်နေကြတာ။ ဒဂေါ်ကျေးရွာလမ်းခွဲမှာတဲ့။ သေနတ်သံရော လက်နက်ကြီးသံရောပါတယ်။ ဒဂေါ်က မိုးမောက်မြို့နဲ့နီးတယ် အရမ်းမဝေးဘူး။ အသံတွေ ဒီတိုင်းကြားနေရတာ။” ဟုပြောသည်။

ယခုချိန်၌ မိုးမောက်အဝင်တွေ ရဲနှင့် စစ်သားများ လုံခြုံရေးတင်းကြပ်၍ ဖြတ်သွားသည့် ပြည်သူများအား စစ်ဆေးမှုပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ