Month: October 2021

ကာမိုင်းမြို့တွင် မိုင်တဲလ်ဖုန်းလိုင်းဖြင့် အင်တာနက်ပြန်ဖွင့်ပေး

အင်တာနက်လိုင်း နှစ်လကျော်ဖြတ်တောက်ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် လွန်ခဲ့သော အောက်တိုဘာ ၂၃ ရက်နေ့မှစတင်ပြီး မိုင်တဲဖုန်းလိုင်းဖြင့် အင်တာနက်ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ သစ်ယာကုန်းရပ်ကွက်အနီးတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဟိုပင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

ဟိုပင်မြို့ မြဇေယျာရပ်ကွက်ရှိ စံပယ်ဖြူထမင်းဆိုင်အနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ဖယ်ခုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ ၁၉ ဦးကို အကြောင်းမဲ့ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ ရွှေပြည်အေးရွာမှ ပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာ ၂၇ နေ့ မွန်းလွှဲ ၃ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

တန့်ဆည်မြို့နယ်ရှိ ကာပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်များ ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီး

တန့်ဆည်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွှဲ ၂ နာရီခန့်တွင် ကာပေါင်းကျကျေးရွာကို ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ကိုဗစ်ကြောင့် ပိတ်ထားသည့် မနောင်ကွင်းကို ပြန်လည်ဖွင့်လှစ်မည်

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ဝင်ရောက်လည်ပတ်ခွင့်ပိတ်ထားသည့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောင်ကွင်းကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျွဲတဲရွာအနောက်ဘက်တွင် ယနေ့နံနက် ၉ နာရီခန့်၌ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရသည်။

ဖားကန့်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးကိုရှင်းလင်း

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရှင်းလင်းလိုက်ကြောင်းသိရသည်။

KIA ထိန်းချပ်နယ်မြေရှိ အထက်တန်းကျောင်းမှ ကျောင်းသား ၄၀၀ ကျော်တွင် ကိုဗစ်ပိုးတွေ့

ကချင်လွတ်‌မြောက်‌ရေးတပ် (KIO/ KIA) ၏ တပ်မဟာ ၁ ဌာနချုပ်တည်ရှိရာ အင်ဂွမ်းလကျေးရွာရှိ အထက်တန်းမှ ကျောင်းသား ၄၅၀ ခန့်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် မီတာခသုံးလစာကောက်ခံမှုကြောင့် ဝေဖန်မှုမြှင့်တက်နေ

မြစ်ကြီးနားမြိုနယ်နှင့် ဝိုင်းမော်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးက မီတာခသုံးလစာကို တစ်ပြိုင်နက် ကောက်ခံရာ တစ်လချင်းသုံးစွဲထားသော မီတာယူနစ်များတူညီနေပြီး ပေးဆောင်ရမည့် ငွေပမာဏများသောကြောင့် အများပြည်သူများအကြား ဝေဖန်မှုများ မြှင့်တက်နေကြောင်း...