ကချင်လွတ်‌မြောက်‌ရေးတပ် (KIO/ KIA) ၏ တပ်မဟာ ၁ ဌာနချုပ်တည်ရှိရာ အင်ဂွမ်းလကျေးရွာရှိ အထက်တန်းမှ ကျောင်းသား ၄၅၀ ခန့်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောင်းသား ၈၀၀ ကျော်ကို အောက်တိုဘာလ ၂၆ ရက်နေ့ထိ စစ်ဆေးခဲ့ရာမှ ၄၄၉ ဦးတွင် ပိုးတွေ့ရှိခဲ့ပြီး ကျောင်းသားများနေထိုင်သည့်အိမ်မှ ဒေသခံ ၃ ဦး ပါဝင်ကြောင်း KIO ၏ ကိုဗစ်ကာကွယ်ကုသ‌ရေး ကော်မတီထံမှ သိရသည်။

ပိုးတွေ့ရှိသူများကို ကိုဗစ်ကာကွယ်ကုသရေးကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများမှ အသေးစိတ်တာဝန်ယူကုသပေးနေပြီး အစားအသောက်များကို ဒေသခံမိဘပြည်သူများက ထောက်ပံ့ကူညီလှူဒါန်းပေးနေကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူများပြားလာသောကြောင့် ကျေးရွာတစ်ခုလုံးကို အောက်တိုဘာလ ၂၃ ရက်နေ့မှစပြီး လောဒ့်ဒေါင်းပြုလုပ်ထားပြီးဖြစ်သည်။

အင်ဂွမ်းလကျေးရွာသည် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ KIO ထိန်းချုပ်နယ်နယ်မြေမှ ဒေသတစ်ခုဖြစ်ပြီး ‌အင်ဂျန်းယန်မြို့နယ်တွင် လူဦးရေ စုစုပေါင်း ၈၀၀၀ ကျော် နေထိုင်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ