စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျွဲတဲရွာအနောက်ဘက်တွင် ယနေ့နံနက် ၉ နာရီခန့်၌ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရသည်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာအနောက်လက်ရှိ တဲသုံးလုံးပျက်စီးသွားပြီး ရဟတ်ယာဉ်မှ လူများချသွားသည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီး ရှစ်ချက်ကျော်နေပြီ။ တဲ သုံးလုံး ပျက်စီးသွားတယ် လူကတော့ အထိခိုက်မရှိဘူး။ ဟက်စကီးပေါ်ကနေရော လူတွေချသွားတယ်။” ဟုသူကပြောသည်။

ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြိုနယ် အစပ်ရှိ စည်းသာရွာတွင်လည်း ရဟတ်ယာဉ်ဖြင့် ဗုံးနှစ်လုံးချသွားသည်ဟု တန့်ဆည်ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်းလှနယ်စပ်ဆိုတော့ သွားရင်းပစ်တာနေမှာ စည်းသာမှာ နှစ်လုံးကြဲသွားတယ်။ အခုတိုက်လေယာဉ်နှစ်စီး ကျွန်းလှ တန့်ဆည်နယ်စပ်မှာဝဲနေတယ်။” ဟုသူကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် အောက်တိုဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *