Month: October 2021

စစ်ကောင်စီ စစ်ကြောင်းက ပြည်သူတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီး

ဖရူဆိုမြို့ ထီးကလူဒေါရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားတစ်ဦး ဓားခုတ်သတ်ဖြတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မျောက်ဖြူကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ည ၉ နာရီခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို လူတစ်ရာခန့်ဖြင့်ပြုလုပ်

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က လူတစ်ရာဝန်းကျင်ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ကို တခတ်ကျေးရွာအနီး ကေအိုင်အေ မိုင်းခွဲတိုက်ခိုက်

စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို လီဒိုလမ်းမပေါ်ရှိ တခတ်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရဿည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့

စစ်တပ်ထောက်ခံပွဲတစ်ခုကို ယနေ့ နံနက် ရှစ်နာရီခွဲဝန်းကျင်က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လူအင်အား ရာဂဏန်းဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်၁၉ ကြောင့် အသွားအလာကန့်သတ်ထားသည့် နောင်မွန်မြို့တွင် ဆန်စပါးရိတ်သိမ်းရန် အခက်ကြုံနေ

ကိုဗစ်၁၉ ပိုးတွေ့ အတည်ပြုလူနာ ၆၃ ဦးထိရှိလာသည့် နောင်မွန်မြို့ကို အသွားအလာကန့်သတ်ထားသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

အာဏာရှင်ကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု KIO ပြော

စစ်အာဏာရှင်ကို ဆန့်ကျင်ရန်ဆုံးဖြတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

ဗန်းမော် အ.ထ.က (၁) ကျောင်းရှေ့ ဗုံးကွဲ

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားအမျိုးသားများကို တရားမဝင်ငွေကြေးကောက်ခံမှုများရှိနေ

မြစ်ကြီးနား-ဖားကန့်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားအမျိုးသားတစ်ဦးလျင် ငွေကျပ် ၅၀၀၀ ပေး၍ ဖြတ်သန်းနေရကြောင်း သိရသည်။

မိုးဗြဲမြို့​ပေါ်တွင် စစ်​​ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ပြည်သူတစ်ဦး​သေဆုံးကာ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ စည်ကား(၁)ရပ်ကွက်တွင် ယနေ့နံနက် ခုနစ်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွား​ကြောင်း သိရသည်။