ဖရူဆိုမြို့ ထီးကလူဒေါရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အသက် ၃၀ နှစ်ခန့် အမျိုးသားသည် ဆွေမျိုးအိမ်မှ ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူအမျိုးအိမ်ကပြန်လာတဲ့အချိန် လမ်းမှာစစ်ကြောင်းထိုးတာတိုးတာနဲ့ ဖမ်းသွားတာ။ ကလေးနှစ်ယောက် အဖေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတာ။ ကျန်တာဘာမှထပ်မသိရသေးဘူး။” ဟုသူကပြောသည်။

အင်အား ၂၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောလမ်းနှင့် လမ်းမကြီးအတိုင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ဖရူဆိုမြို့နယ်တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့မှစ၍ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံတစ်ထောင်ခန့် နေအိမ်များကိုစွန့်ကာ တောထဲသို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ