ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က လူတစ်ရာဝန်းကျင်ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်လမ်းခွဲမှ ကောင်ကထောင်ရပ်ကွက်အထိ တိတ်ဆိတ်စွာ လမ်းလျှောက်ချီတက် ထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လမ်းလျှောက်ချီတက်ခဲ့သူများတွင် စစ်မှုထမ်းဟောင်းများ၊ ဌာနဆိုင်ရာဝတ်စုံဝတ်ဆင်ထားသူများ ပါဝင်သည်။

စစ်တပ်ထောက်ခံပွဲကို ကချင်ပြည်နယ်တွင် ပူတာအိုမြို့နယ်အပြင် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တို့တွင်လည်း ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ပူတာအိုမြို့သည် ကချင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ စုစုပေါင်း ၆၂၃၆၅ ဦး ခန့်နေထိုင်ပြီး အများစုမှာ ကချင်လူမျိုးများဖြစ်သည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ