စစ်တပ်ထောက်ခံပွဲတစ်ခုကို ယနေ့ နံနက် ရှစ်နာရီခွဲဝန်းကျင်က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လူအင်အား ရာဂဏန်းဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က(၄)) ကျောင်းရှေ့တွင် စုရပ်ပြုလုပ်ကာ ထိုမှတစ်ဆင့် အောင်ဇေရန်အောင်စေတီတော် ဒေသအခေါ် ဘုရားတစ်ထောင်လမ်းအတိုင်း ခလရ ၃၇ တပ်ရင်းအနီးရှိ ရွက်လှမြိုင်ကျေးရွာအထိ တစ်နာရီခန့် လမ်းလျှောက်ချီတက်ခဲ့ကြကြောင်း သိရသည်။

လမ်းတစ်လျှောက်တွင် စစ်ကောင်စီနှင့် တပ်မတော်အား ကြိုဆိုပြီး NUG နှင့် CRPH အား အလိုမရှိကြောင်း အဆိုပါ လူအုပ်ကြီးက ကြွေးကြော်သွားခဲ့သည်။

စစ်တပ်ထောက်ခံပွဲတွင် စစ်မှုထမ်းဟောင်းများ၊ ဌာနဆိုင်ရာဝတ်စုံဝတ်ဆင်ထားသူများ၊ YMBA ယူနီဖောင်းဝတ်ဆင်ထားသူများနှင့် လီဆူတိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားသူများလည်းပါဝင်ကြောင်းသိရသည်။

စစ်တပ်ထောက်ခံပွဲကို မြစ်ကြီးနားမြို့အပြင် ပြင်ဦးလွင်၊ မတ္တရာ ၊နေပြည်တော်၊ မိတ္ထီလာစသည့် မြို့များတွင်လည်း ယနေ့ နံနက်ပိုင်းက ပြုလုပ်သွားခဲ့သည်။

Photo :CJ

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ