မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ မြဝတီဘဏ်အနီးတွင် ယနေ့ည ၇နာရီအချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။
ဗုံးပေါက်ကွဲမှုသည် အလွန်ကျယ်လောင်ပြီး မြေကြီးပင်တုန်ခါသွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အရမ်းနီးလို့ ပိုကျယ်တယ်။ ကြားဖူးတာတွေထက် အသံအရမ်းကျယ်တယ်။ မြေလည်း တုန်တယ်။ အဲ့မှာက စစ်သားအစောင့်အမြဲရှိတယ်” ဟုသူကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်သူ/ရှိမရှိကို The 74 Media မှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
အဆိုပါ မြဝတီဘဏ်ရှေ့တွင် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း အသံမိုင်းနှစ်လုံးခွဲခံခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဗုံးခွဲခံရခြင်းဖြစ်သည်။
ပုံ / မြစ်ကြီးနားမြို့မှ မြဝတီဘဏ်ကိုတွေ့ရစဥ်။
==============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e