Month: October 2021

လွိုင်ကော်တက္ကသိုလ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး

လွိုင်ကော်တက္ကသိုလ်ကျောင်းရှေ့တွင် ပစ်ချသွားသည့် အထုပ်ကိုရှင်းလင်းရာမှ ဗုံးပေါက်ကွဲခဲ့သောကြာင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

တရုတ်နိုင်ငံက နယ်နိမိတ် ကျူးကျော်ခြံစည်းရိုးခတ်သဖြင့် မြန်မာဘက်က စာပို့သည်ကို သုံးလခန့်ကြာသည်အထိ အကြောင်းမပြန်

တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်ခြံစည်းရိုးခတ်ထားသည့်အပေါ် စာပို့အကြောင်းကြားထားသော်လည်း ယခုချိန်အထိ အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်းသိရသည်။

ဖားကန့်သွားသည့်လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ဆန်နှင့်ဆီ သယ်ဆောင်ဖြတ်သန်းခွင့်မပြု

အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့သွားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်များတွင် ဆန်နှင့်ဆီ သယ်ဆောင်လာပါက ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနေအိမ် အသံမိုင်းခွဲခံရ

စစ်ကောင်စီလက်အောက်ခံ ဂွေထုအခြေစိုက် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ၏ မြစ်ကြီးနားမြို့နေအိမ်တွင် ယနေ့ညနေ ၅ နာရီခွဲခန့်က အသံမိုင်းခွဲခံရကြောင်း သိရသည်။

အင်းတော်တွင် ကေအိုင်အေနှင့် ပူးပေါင်းတပ်များတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးဟုဆို

ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့များက အင်းတော်မြို့နယ် ဂဟဲကျေးရွာတွင် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူများသည်ဟု သိရသည်။

တန့်ဆည်တွင် စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

စစ်အင်အားထပ်မံဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်က တနယ်ကျေးရွာနှင့် တန့်ဆည်ကြားတွင် ဒေသခံ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း...

မင်းအောင်လှိုင်၏ လက်ပါးစေအဖြစ်မှ ရုန်းထွက်ခဲ့သူ

စစ်ကိုင်းတိုင်း၊ ကသာမြို့မရဲစခန်းတွင် မတ်လ ၁၄ ရက်နေ့ ညသန်းခေါင်ယံသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အသက် ၂၄နှစ်အရွယ် ရဲတပ်သားဖြစ်သူ အောင်စိုးဦးတစ်ယောက်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နားထဲတွင်လည်း “ပြည်သူ့ရဲ၊...

#BreakingNews The 74 Media မှ သတင်းထောက် မချန်ဘူ ပြန်လွတ်ပြီ

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရသည့် The 74 Media မှ သတင်းထောက် မချန်ဘူ ယနေ့ အောက်တိုဘာ ၁၉ ရက် နေ့လည် ၁၂...

တန့်ဆည်တွင် စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ယနေ့နံနက် ၉ နာရီခန့်က တန့်ဆည်မြို့နယ် နဘတ်ကြီးကျေးရွာနှင့် အင်ကုက္ကကားကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်တို့သည် ယနေ့နံနက် ၉ နာရီခွဲခန့်က မူဆယ် – ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခလွမ်ပါအနီးမှ ဆိုင်းဟွမ်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။