စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ယနေ့နံနက် ၉ နာရီခန့်က တန့်ဆည်မြို့နယ် နဘတ်ကြီးကျေးရွာနှင့် အင်ကုက္ကကားကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်တို့သည် တန့်ဆည်စခန်းမှ နဘတ်ကြီးစခန်းသို့လာရာ လမ်း၌ မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က တန့်ဆည်စခန်းကနေ မနေ့ညသန်းခေါင်ဗုံးခွဲခံရတဲ့ နဘတ်ကြီးစခန်းကိုလာတာ စခန်းမရောက်ခင် လမ်းမှာမိုင်းဆွဲခံရတာ။ တန့်ဆည်စခန်းကို ပြန်လှည့်သွားတယ်။” ဟု သူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

Taze People Comrades (တန့်ဆည်ပြည့်သူ့ရဲဘော်အဖွဲ့) က မိုင်းဆွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နဘတ်ကျေးရွာနှင့် သစ္စေးကုန်းကျေးရွာကြားရှိ မိုင်တဲတာဝါတိုင်အနီးတွင်လည်း အောက်တိုဘာ ၁၀ ရက်နေ့၌ ဆိုင်ကယ်ဖြင့် ပတ်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တန့်ဆည် PDF များက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ