လွိုင်ကော်တက္ကသိုလ်ကျောင်းရှေ့တွင် ပစ်ချသွားသည့် အထုပ်ကိုရှင်းလင်းရာမှ ဗုံးပေါက်ကွဲခဲ့သောကြာင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ညနေ သုံးနာရီခန့်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသည့်နောက်ပိုင်း သေနတ်ပစ်ဖောက်ခံများကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တက္ကသိုလ်ရှေ့ကို ကားတစ်စီးနဲ့ အထုပ်တစ်ထုပ် လာချသွားတယ်လို့ တက္ကသိုလ် လုံခြုံရေးက ပြောပါတယ်။ အဲ့အထုပ်ကို စကစဖက်က လာရှင်းတာ ဗုံးထုပ်ဖြစ်နေပြီး ပေါက်ကွဲရာကနေ စကစ နှစ်ယောက် သေဆုံးသွားတယ်”ဟု သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများအား နေ့စဉ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ကယားပြည်နယ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် လူသေဆုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

ပုံ / လွိုင်​ကော်တက္ကသိုလ်ကို ​အ​ပေါ်စီးမှ မြင်​​တွေ့ရပုံ။

===============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *