Month: July 2021

ဟိုပင်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို အမည်မသိသေနတ်သမားများ လုပ်ကြံသတ်ဖြတ်

ကချင်ပြည်နယ် ဟိုပင်မြို့တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က အမည်မသိ သေနတ်သမားများက လုပ်ကြံသတ်ဖြတ်လိုက်သည်ဟု သိရသည်။

မြစ်ကြီးနားမြို့နယ် စည်ပင်ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်၁၉ပိုးတွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိနှင့်တပ်သားအများစု ကိုဗစ်၁၉ ရောဂါကူးစက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲတပ်သားများနှင့် ရဲအရာရှိကြီးများ၌ ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ကသာကားကြီးကွင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေနှင့် ဒေသခံ PDF ပူပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နှင့် ကားကြီးဝင်းအနီးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ယနေ့ညနေ ၆ နာရီခန့်က ကေအိုင်အေနှင့် ဒေသခံ PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား ယုဇနရပ်ကွက်တွင် အမျိုးသားတစ်ဦး ကိုဗစ်၁၉ ပိုးတွေ့သဖြင့် နေအိမ်ကို အသွားအလာကန့်သတ်

မြစ်ကြီးနားမြို့၊ ယုဇန ရပ်ကွက် စည်ပင်သာယာလမ်း ဂေါ်ရခါး ဘုရားကျောင်းရှေ့ နေအိမ်မှ အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၆...

ရွှေကူတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့လှမြို့အနီး အုပ်ချီသစ် တလုံးကွင်းရွာတွင် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်မှ စတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ...

စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦနှင့် မြေကွက် (၂၃) ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေခြင်းသည် တရားဝင်မှု မရှိသောကြောင့် ဝယ်ယူခြင်း မပြုကြရန် NUG ထုတ်ပြန်

ချီဖွေတွင် ဖမ်းဆီးခံရသည့် သူနာပြုဦးစီးမှူးကို ချုပ်ရက်ရမာန်နှစ်ပတ်ထပ်တိုး

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခံရသည့် သူနာပြုဦးစီးမှူး ဒေါ်လာချိတ်လွမ်းညွယ်ကို ဇူလိုင်လ ၇ ရက်နေ့က ချုပ်ရက် ရမာန် နှစ်ပတ်ထပ်တိုးလိုက်ကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်၁၉ ပိုးတွေ့သူ လေးဦးရှိ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ တီယန်ဇွပ်ကျေးရွာ တစ်ဖက်ကမ်းရှိ ငှက်ပျောတောဂိတ်တွင် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသူ လေးဦးရှိကြောင်း သိရသည်။