COVID-19 Update

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဝန်ထမ်း နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သော်လည်း ကျန်သည့်ဝန်ထမ်းများကို ကိုဗစ်ပိုးမစစ်ပေးသောကြောင့် ဝန်ထမ်းများ မိမိနေအိမ်တွင် Home Quarantine ဝင်နေရကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။
“အခု လောလောဆယ်တော့ ၂ ယောက်မှာတွေ့တယ်။ ကျန်တဲ့သူတွေတော့ မစစ်သေးဘူးလေနော်။ အခုစစ်ထားတဲ့သူ ၂ ယောက်တော့ Positive ဟုတ်တယ်။ ကျွန်တော်တို့ သွားစစ်မယ်လုပ်တော့ မြစ်ကြီးနား ဆေးရုံက မစစ်ပေးဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့က Home Quarantine နေရတာပေါ့နော်” ဟုပြောသည်။
မြစ်ကြီးနားစည်ပင်သာယာရေးဌာနအား Lockdown ချထားခြင်းမျိုး မရှိသေးကြောင်းနှင့် ကိုဗစ်ပိုးတွေ့သည့် ဝန်ထမ်း ၂ဦး ကျန်းမာရေး အခြေအနေကောင်းကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင် ၉ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၅၉၇ ဦးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ