COVID-19 Update

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲတပ်သားများနှင့် ရဲအရာရှိကြီးများ၌ ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

မြစ်ကြီးနားအမှတ် (၁) ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အများစု ကိုဗစ်၁၉ ရောဂါ ကူးစက်နေသည်ဟု အမည်မဖော်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။
“ရဲအရာရှိ တော်တော် ကြီးတဲ့သူတွေ အထိပါဖြစ်နေတာ။ စခန်းက အကုန်နီးပါးပဲဖြစ်နေတာတော့ဟုတ်တယ်။ ကိုဗစ်ကတော့ ဖြစ်နေတာ ကြာပြီ။ စခန်းမှူးတွေ ရဲမှူးတွေပါဖြစ်နေတာ” ဟုသူကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မ.ပ.ခ) တိုင်းမှူး၊ သူ၏ကိုယ်ရေးအရာရှိ၊ စစ်ဆေးရေး ဂျီဝမ်းနှင့် ဂျီတူးအပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးအရာရှိများလည်း ကိုဗစ်၁၉ ပိုးကူးစက်ခံထားရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ကချင်ပြည်နယ်မြစ်ကြီးနားတွင် ကိုဗစ်၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၃၇ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ