ကေအိုင်အေ (kia)

စစ်ကိုင်းတိုင်း ကသာမြို့နှင့် ကားကြီးဝင်းအနီးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ယနေ့ညနေ ၆ နာရီခန့်က ကေအိုင်အေနှင့် ဒေသခံ PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွင် လက်နက်ကြီး လက်နက်ငယ်သံများ ကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ခုတလောတော့ စစ်ကောင်စီတပ်တွေ အဲ့ဘက် တပ်စွဲထားတယ်လို့လည်း ကြားတယ်။ ဒီညတော့ KIA နဲ့ ကသာ PDF တွေဝင်စီးတယ်လို့ ကြားမိတယ်။ လက်နက်ကြီးသံအရင်ကြားတာ ပြီးမှ သေနတ်သံပြန်ကြားတာ ဟုတ်တယ်။” ဟုသူကပြောသည်။
လက်နက်ကြီးသံများကြားရပြီးနောက် ည ၇ နာရီခန့်တွင် ရွာအနီးတစ်ဝိုက်၌ လေယာဉ်များ ပျံသန်းနေကြောင်း သူကဆက်ပြောသည်။
နှစ်ဖက်အကျအရှုံးနှင့် ပတ်သက်၍ The 74 Media ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ် ရွှေကူမြို့ မြို့လှမြို့အနီးတွင် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်မှ ယခု ၉ နာရီခွဲခန့်ထိ ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ