ဟိုပင်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး

ကချင်ပြည်နယ် ဟိုပင်မြို့တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က အမည်မသိ သေနတ်သမားများက လုပ်ကြံသတ်ဖြတ်လိုက်သည်ဟု သိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသူသည် အသက် ၅၈ နှစ်အရွယ် ဦးရေခဲဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ကာ သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူက ကြံ့ဖွတ်ပါတီဝင်လေ၊ ဒီနေ့ နေ့လယ် အပြင်သွားတုန်း လမ်းမှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့လူနှစ်ယောက် ပစ်သွားတာ၊ သုံးချက်ထိတယ်ပြောတယ်၊ သူက စစ်မှုထမ်းဟောင်းလည်းဟုတ်တယ်” ဟု ဆိုသည်။
ဦးရေခဲသည် ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးတစ်ဦးဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောဆိုခဲ့သော်လည်း The 74 Media က အတည်ပြုနိုင်ခြင်း မရှိပါ။

ကချင်ပြည်နယ် နေရာအချို့တွင် မေလမှ စတင်ကာ စစ်တပ်သတင်းပေးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် NLD ပါတီကို အားပေးထောက်ခံသူအချို့ကို လုပ်ကြံသတ်ဖြတ်မှုများရှိခဲ့ပြီး မည်သူမည်ဝါလုပ်ကြံသတ်ဖြတ်သည်ကို မသိရပါ။

သင့်ထင်မြင်ချက်ရေးပေးပါ