အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်၁၉ ပိုးတွေ့သူ လေးဦးရှိ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ တီယန်ဇွပ်ကျေးရွာ တစ်ဖက်ကမ်းရှိ ငှက်ပျောတောဂိတ်တွင် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသူ လေးဦးရှိကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်၁၉ ပိုးတွေ့သူ လေးဦးရှိ

 

ကိုဗစ်ပိုးတွေ့ရှိသူ လေးဦးမှာ ရွှေလုပ်သားများနှင့် စက်လှေမောင်းနှင်သူများ ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။
“တချို့က ရွှေလုပ်သား တချို့က စက်လှေမောင်း နဲ့ ယာဉ်နောက်လိုက်ဟုတ်တယ်။ ပဲခူတိုင်းကလာတဲ့သူက ဂျိန်းဖော့သူတည်းခိုခန်းမှာတည်းခဲ့ပြီး စစ်ကိုင်းတိုင်းကလာတဲ့သူက ကားကြီးဝင်း ကချင်မင်းသားကြီး တည်းခိုးခန်းမှာတည်းခဲ့တာ” ဟုသူကပြောသည်။
စက်လှေမောင်းနှင့် ယာဉ်နောက်လိုက်မှာ ဒေသခံများဖြစ်ပြီး ပိုးတွေ့လူနာလေးဦးကို KIO က ဖွင့်လှစ်ထားသော မုန်ညာဇွပ်ကွာရန်တင်းစင်တာတွင် ကုသမှုခံယူနေသည်ဟု သူကဆက်ပြောသည်။
ပိုးတွေ့ရှိသူများတည်းခိုခဲ့သည့် မြစ်ကြီးနားမြို့မှ တည်းခိုခန်းနှစ်ခုကို ဇူလိုင်လ ၉ ရက် နေ့လယ် ၄ နာရီအထိ lockdown ပြုလုပ်ထားခြင်း မရှိသေးပါ။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့ထိ ကိုဗစ်၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၅၀၂) ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ