Month: July 2021

မိုးမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ၊ နွားလေးကောင် သေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ယမန်နေ့ ည ၉ နာရီခွဲမှ ၁၁ နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများရမ်းတမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွားလေးကောင် သေဆုံးခဲ့ကြောင်း...

ဟိုပင်မြို့​၏ ကြံ့ခိုင်ရေးပါတီဝင်ဦးရေခဲကို သတ်ဖြတ်ခဲ့သည်မှာ မိမိတို့လက်ချက်ဖြစ်ကြောင်း ဟိုပင် PDF ပြော

ဟိုပင်မြို့မှ ပျူစောထီးတပ်ဖွဲ့ဝင်များကိုလည်း အချိန်နှင့် တပြေးညီ ဆက်လက်ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ကသာမြို့ မြို့မရဲစခန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့ မြို့မရဲစခန်းကို ယနေ့ ဇူလိုင်လ ၁၂ ရက် ည ၉ နာရီကျော်ခန့်တွင် ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များကို Stay at Home မြို့နယ်များအဖြစ်ကြေညာ

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များကို Stay at Home မြို့နယ်များအဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်း လပ်ကီးမုန့်တိုက်မှ ဝန်ထမ်းသုံးဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းမှ လပ်ကီးမုန့်တိုက်ရှိ ဆိုင်ဝန်ထမ်း ၃ ဦးတွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသည်ဟု ဆိုင်ဝန်ထမ်းများနှင့် နီးစပ်သူများထံက...

ကယားပြည်နယ် လွိုင်လင်တွင် KNPP နှင့် စစ်ကောင်စီတပ်တို့ကြား တစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မြောက်ပိုင်း၊ လွိုင်လင်လေးမြို့အရှေ့ဘက်ရှိ တီးလုံရွာအနီးတွင် ယနေ့ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ရှစ်နာရီခန့်က ကရင်နီတပ်မတော် (KNPP) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး...

ဟိုပင်တွင် ဗျူစောထီးအဖွဲ့က ခြိမ်းခြောက်စာများ လိုက်လံဖြန့်ဝေနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်က ဒေသခံ မိသားစု ၄၃ စုကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး သေဆုံးမှုတွင်...

မိုးမောက် ကုန်းလောကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် လူနေအိမ်အချို့ထိခိုက်ပျက်စီး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ည ၁၀ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်များက ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံခြုံရေးယူထားသည့် ဖားကန့်ယူမာကျေးရွာရှိ ကျောင်းတစ်ကျောင်းတွင် ဗုံးကွဲ

ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ယူမာစာသင်ကျောင်းအနီးတွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။