Breaking News 47 Media

စစ်ကိုင်းတိုင်း ကသာမြို့ မြို့မရဲစခန်းကို ယနေ့ ဇူလိုင်လ ၁၂ ရက် ည ၉ နာရီကျော်ခန့်တွင် ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲစခန်းအနီး လက်နက်ကြီးပေါက်ကွဲသံများနှင့် သေနတ်သံများ အဆက်မပြတ်ကြားရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဝင်ပစ်တာဟုတ်တယ်၊ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်၊ လက်နက်ကြီးသံလည်း ၃ ချက်လောက်ကြားရတယ်” ဟု ပြောသည်။
ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဘက်အကျအဆုံးကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကသာမြို့အနီးရှိ ကားကြီးဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များက ဇူလိုင်လ ၁၀ ရက် နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက အထိအခိုက် အကျအဆုံးများခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ