မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များကို Stay at Home မြို့နယ်များအဖြစ်ကြေညာ

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များကို Stay at Home မြို့နယ်များအဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။

မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်များကို Stay at Home မြို့နယ်များအဖြစ်ကြေညာ

 

Stay at Home မြို့နယ်အဖြစ် မြို့နယ် ၁၁ မြို့နယ်ကို ထပ်မံထည့်သွင်းလိုက်ရာ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များ ပါဝင်ပြီး မနက်ဖြန် ဇူလိုင်လ ၁၃ ရက်မှ စတင်အကြုံးဝင်မည်ဖြစ်သည်။
အခြားမြို့နယ်များမှာ မြဝတီမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်၊ မကွေးမြို့နယ် သီပေါမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မူဆယ်မြို့နယ်၊ ကန်ကြီးဒေါင့်မြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ ၅၀၁၄ ဦး တိုးလာပြီး ကချင်ပြည်နယ်တွင် ၁၃၇ ဦးပါဝင်သည်။

ထို့အပြင် ကချင်ပြည်နယ်တွင် ကိုဗစ်၁၉ ကြောင့် သေဆုံးလူနာတစ်ဦးရှိသည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ