မိုးမောက် ကုန်းလောကျေးရွ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ည ၁၀ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်များက ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

မိုးမောက် ကုန်းလောကျေးရွ

 

စစ်ကောင်စီတပ်၏ ကုန်းလောအခြေစိုက် ခမရ ၃၈၇မှ ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကုန်းလောကျေးရွာ ရှမ်းကြီးတန်းရပ်ကွက်မှ လူနေအိမ် နှစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လမ်းထိပြီး အိမ်စင်တာ ဟုတ်တယ်။ စင်တဲ့ အိမ်ကလဲ အဲ့လမ်းရဲ့ ဘယ်ဘက်တစ်အိမ် ညာဘက်တစ်အိမ်စင်တာ။ ကားထိတာက ဗန်းမော်ကိုပြေးတဲ့ လိုင်းကားမှန်လုံကားထိတာ။ ကျွန်တော်သွားတော့ လမ်းပေါ်မှာ လက်နက်ကြီးတော့ မတွေ့တော့ဘူး။ ရွာလူကြီးတွေ အရင်လာကြည့်သွားတာဆိုတော့ သူတို့တွေ့ မတွေ့တော့ မသိဘူး” ဟုသူကပြောသည်။
စစ်ကောင်စီတပ် ခမရ ၃၈၇ သည် ယမန်နေ့ည ၁၀ နာရီခန့်မှ ယနေ့ နံနက် ၄ နာရီဝန်းကျင်ထိ ကေအိုင်အေ ရှိရာသို့ လက်နက်ကြီးများ ၉ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

မိုးမောက်မြို့နယ်တွင် ဇူလိုင် ၁၀ ရက်နေ့ည၌လည်း တိုက်လေယာဉ် တစ်စီး ပျံသန်းမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ