ဖားကန့်မြို့နယ်

ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ယူမာစာသင်ကျောင်းအနီးတွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အသံတော့အကျယ်ကြီးပဲ နှစ်ချက်၊ ယူမာစာသင်ကျောင်းအစောင့်တွေရှိတယ်လေ၊ ရဲတစ်ယောက်လား နှစ်ယောက်လားမသိဘူး ဘာမှတော့ မဖြစ်ဘူးတဲ့ လန့်ပြီး လဲသွားသေးတယ်တဲ့” ဟု သူကပြောသည်။
ယခုပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်ရှိ နေရာတစ်ချို့တွင် မေလအတွင်း မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နေရာတစ်ချို့တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ