Month: May 2021

ခေါင်လန်ဖူးပြည်သူ့စစ် ဖမ်းဆီးထားသော လူငယ်ခြောက်ဦးအနက် ငါးဦးကို ပြန်လွတ်ပေး၊ ခေါင်းဆောင်ဟု စွပ်စွဲထားသူကို ထောင်ကြီးပို့

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသော လူငယ်ခြောက်ဦးအနက် ငါးဦးယမန်နေ့က ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

နောင်မွန်မြို့မှ KBC ဘုရားကျောင်းသည် KIA ၏ လက်နက်သိုလှောင်ရုံဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့စွပ်စွဲ၊ လူမျိုးရေးကိုအခြေခံပြီး အမြတ်ထုတ်ခြင်းဖြစ်သည်ဟု ဒေသခံများပြော

ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသည် KIA အဖွဲ့ ၏ လက်နက်သိုလှောင်ရုံဖြစ်သည်ဟု ပြည်သူ့စစ်အဖွဲ့၏ အရာရှိတစ်ဦးက နောင်မွန်မြို့နယ်အတွင်း တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်စည်းရုံးချိန်အတွင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကေအိုင်အေထိန်းချုပ်နယ်မြေအချို့တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေထိန်းချုပ်နယ်မြေအချို့တွင် စစ်ကောင်စီက ယနေ့နေ့လယ်ပိုင်းတွင် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

မိုးညှင်းမြို့က လူငယ်သုံးဦးကို စစ်ကောင်စီက ပြန်လွတ်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နန်းခါရပ်ကွက်ရှိ အားမာန်စားသောက်ဆိုင်တွင် သေနတ်ထောက်ပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည့် လူငယ်သုံးဦးသည် ယနေ့ မွန်းလွဲ ၂နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

ဝိုင်းမော်မြို့မှ CDM ဝန်ထမ်းများကို မြို့နယ်ပညာရေးမှူး ခြိမ်းခြောက်ဖိအားပေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ပညာရေးဝန်ထမ်းများကို မြို့နယ် ပညာရေးမှူးဦးမွန်ကျော်မြင့်က ခြိမ်းခြောက်ဖိအားပေးမှုများရှိနေသည်ဟုသိရသည်။

ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သင်္ဘောတစ်စီး ထပ်မံအပစ်ခံရ

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါသည့် “ပေါက်တန်း”သင်္ဘော ထပ်ခံပစ်ခတ်ခံရပြီး အနီးနားကျေးရွာရှိ ဒေသခံတစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရခဲ့သည်ဟု သိရသည်။

မံစီမြို့ မောရဝတီရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ

ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ မောရဝတီရပ်ကွက်တွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။