နောင်မွန်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသော လူငယ်ခြောက်ဦးအနက် ငါးဦးယမန်နေ့က ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

နောင်မွန်

 

အာမခံဖြင့် ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဦးအတန်က အာမခံပေးပြီး ညှိကူပေးလို့လွတ်လာတယ်တဲ့။ (၅)ဦးပဲလွတ်လာပြီး ကျန်ခဲ့တဲ့ (၁)ဦးက ဦးဆောင်သူဖြစ်လို့မလွှတ်ပေးသေးတာလို့ကြားတယ်” ဟု ပြောသည်။
ဆက်လက်ဖမ်းဆီးခံထားရသူမှာ ဦးချင်လှိုင်ခင်ရမ်ဖြစ်ပြီး ပူတာအိုနာမ်ဟော့အကျဉ်းထောင်သို့ ယနေ့ပို့ဆောင်လိုက်သည်ဟု သူက ဆက်ပြောသည်။
အဆိုပါလူငယ် (၆) ဦးသည် လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မဂွေဇဂိတ်တွင် စစ်ဆေးခံရပြီး လိုင်ဇာသို့သွားမည်ဟု ပြောဆိုခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကာ ၁၉ ရက်အကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ