နောင်မွန်မြို့မှ KBC ဘုရားကျောင်
ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသည် KIA အဖွဲ့ ၏ လက်နက်သိုလှောင်ရုံဖြစ်သည်ဟု ပြည်သူ့စစ်အဖွဲ့၏ အရာရှိတစ်ဦးက နောင်မွန်မြို့နယ်အတွင်း တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်စည်းရုံးချိန်အတွင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နောင်မွန်မြို့မှ KBC ဘုရားကျောင်

 

နောင်မွန်မြို့ရှိ KBC ဘုရားကျောင်းသည် KIA ၏ လက်နက်သိုလောင်ရုံဖြစ်သည့်အတွက် အဆိုပါဘုရားကျောင်းရှိ အမှုတော်ဆောင် ဓမ္မဆရာများအား ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“တစ်ရွာပြီး တစ်ရွာဝင်တဲ့အခါမှာ၊ ဒီ KBC ကဆရာတွေကိုကဖမ်းမယ်ဆိုပြီးတော့ပြောတယ်၊ သူတို့ရဲ့ ဘုရားကျောင်းက လက်နက်သိုလောင်ရုံဆိုပြီးတော့ပြောတယ်၊ KIA တွေစစ်တိုက်တော့မယ်။ ကျွန်တော်တို့လည်း ပြင်ဆင်ထားရတော့မယ်ဆိုပြီးတော့လာစည်းရုံးတာပေါ့။ တစ်ချို့ရွာက လူတွေတော့သွားကြတယ်၊ နည်းတာပေါ့၊ လူငယ်တွေတော့မဟုတ်ဘူး အိမ်ထောင်ရှိတဲ့ လူတွေပဲ သွားတက်ကြတာများတယ်” ဟု ပြောသည်။
ခေါင်လန်ဖူးပြည်သူ့စစ်မှ အရာရှိဖြစ်သူ ဦးဒါရစ်ယော်ရမ်နှင့် ရဝမ်ရိုးရာယဉ်ကျေးမှု ဥက္ကဌဦးထုံဖူးဒဂုဏ် ဦးဆောင်၍ KIA အဖွဲ့အားတိုက်ထုတ်နိုင်ရန်အတွက်လည်း ခေါင်လန်ဖူးအခြေစိုက်ဌာနေ ပြည်သူ့စစ်များထံ စစ်သင်တန်းတက်ရောက် သင်ယူရန် လိုက်လံစည်းရုံးနေကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်သူ့စစ်အဖွဲ့မှ နောင်မွန်မြို့ရှိ KBC ဓမ္မအမှုတော်ဆောင်များအား ဖမ်းဆီးမည်ဟုဆိုသော်လည်း မေလ ၁၁ ရက်နေ့အထိ လာရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း နောင်မွန်ဒေသခံများထံမှသိရသည်။
ပြည်သူ့စစ်အဖွဲ့မှ နောင်မွန်မြို့ရှိ KBC ဓမ္မအမှုတော်ဆောင်များအား ဖမ်းဆီးမည်ဟုဆိုသော်လည်း မေလ ၁၁ ရက်နေ့အထိ လာရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း နောင်မွန်ဒေသခံများထံမှသိရသည်။
ပြည်သူ့စစ်အဖွဲ့၏ ထိုကဲသို့ပြောဆိုမှုသည် နိုင်ငံရေး၊ စီးပွားရးအရ အမြတ်ထုတ်လိုသောကြောင့် လူမျိုးရေးပေါ်အခြေခံကာ နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ်ကြာင်း ရဝမ်လူငယ်တစ်ဦးက သူ့အမြင်ကိုပြောသည်။
“အရင်တုန်းက ၆၄၊ ၆၅ မှာ လူမျိုးရေး အရေးအခင်းရှိခဲ့တယ်၊ ဆိုတော့ ဒီအပေါ်မှာ အမြတ်ထုတ်ချင်တဲ့ လူတစ်စုလည်းရှိတယ်၊ အမြတ်ထုတ်ပြီးတော့မှ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း အမြတ်ထုတ်ချင်တဲ့သူတွေက ဒီဟာကိုပဲသုံးမှာဖြစ်တယ်၊ ဒါကိုအခွင့်ကောင်းယူပြီးတော့အမြတ်ထုတ်ဖို့ပေါ့”ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ၂၀၀၅ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်အများစုမှာ ရဝမ်မျိုးနွယ်စုများ ဖြစ်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ