မိုးညှင်းမြို့က လူငယ်သုံးဦးကို စစ်ကောင်စီက ပြန်လွတ်ပေး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နန်းခါရပ်ကွက်ရှိ အားမာန်စားသောက်ဆိုင်တွင် သေနတ်ထောက်ပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည့် လူငယ်သုံးဦးသည် ယနေ့ မွန်းလွဲ ၂နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

မိုးညှင်းမြို့က လူငယ်သုံးဦးကို စစ်ကောင်စီက ပြန်လွတ်ပေး

 

စစ်ကောင်စီမှ လူမှားဖမ်းဆီးခဲ့သော်လည်း လေးရက်မြောက်နေ့မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၈ရက်နေ့ည ၇နာရီခွဲအချိန်ခန့်က လူငယ်သုံးဦးဖြစ်သည့် ကိုတီဖေရမ်၊ ကိုနော်လီနှင့် ကိုယိန်းချန်းတို့သည် မိုးညှင်းမြို့၊ နန်းခါ(မြောက်) ရပ်ကွက်ရှိ အားမာန်စားသောက်ဆိုင်တွင် ထိုင်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်များက ဦးခေါင်းတွင် သေနတ်ဖြင့် ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ