Month: May 2021

ဆိုင်းတောင် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးနှစ်လုံး​​​​ပေါက်ကွဲ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်တွင် ယနေ့ ည ၈ နာရီခွဲခန့်တွင် အသံဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ အသံဗုံးသည် ဆိုင်းတောင် အုပ်ချုပ်ရေးမှူးရုံးနားတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။...

စစ်ကောင်စီတပ်က ဗန်းမော်ဈေးအတွင်းမှ ကုန်ခြောက်များသယ်ယူသွား

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စည်ပင်သာယာဈေးအမှတ် ၁ မှ ကုန်ခြောက်များကို စစ်ကောင်စီတပ်မှ မေလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ က...

မိုးမောက်မြိုရှိ စစ်ကောင်စီတပ်မှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်နေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ယနေ့ည ၇ နာရီခွဲဝန်းကျင်မှစတင်၍ ကချင်လွတ်မြောက်ရေးတပ် (KIA)ရှိရာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ရာသီဥတုဆိုးဝါးနေသောကြောင့် မင်းတပ်စစ်ရှောင်ပြည်သူများ ပိုမိုခက်ခဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့မွန်းလွဲ နှစ်နာရီဝန်းကျင်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျသဖြင့် စစ်ဘေးတိမ်းရှောင်နေသည့်ပြည်သူများ ပိုမိုခက်ခဲနေသည်ဟု သိရသည်။

ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ကို ကေအိုင်အေ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖားကန့် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်‌ေကျးရွာ ဆန်းရွှင်ကုမ္ပဏီ လုပ်ကွက် မြေစာပုံပြိုကျရာတွင် ပျောက်ဆုံးနေသူ ကိုလမင်းသာ အသက် ၂၂ နှစ်ကိုယနေ့ မွန်းလွှဲ ၁၂:၄၅ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

KIA အားတိုက်ထုတ်ရန် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်များ၏ လိုက်လံစည်းရုံးမှု မအောင်မြင်

ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်တွင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အရာရှိနှင့် ရဝမ်ရိုးရာယဥ်ကျေးမှု ဥက္ကဌသည် ဒေသခံများအား ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် လိုက်လံစည်းရုံးခဲ့သော်လည်း လာရောက်တက်ရောက်သူ နည်းပါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။