စစ်ကောင်စီတပ်က ဗန်းမော်ဈေးအတွင်းမှ ကုန်ခြောက်များသယ်ယူသွား

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စည်ပင်သာယာဈေးအမှတ် ၁ မှ ကုန်ခြောက်များကို စစ်ကောင်စီတပ်မှ မေလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ က သယ်ယူသွားကြောင်းသိရသည်။

ဗန်းမော် သီရိရတနာ စည်ပင်ဈေး အမှတ်၁ တွင် စစ်ကား ၃ စီး စစ်သားအင်အား ၆၀ ခန့် ရောက်ရှိလာပြီး ဈေးအတွင်းမှ ငါးရံ့ခြောက် ကုန်ခြောက်များကို သယ်သွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ ည ၈နာရီခွဲ ၉ နာရီအချိန်မှာ စစ်ကား သုံးစီးနဲ့ ရောက်လာတယ် အမှတ်၁ ဈေးမှာ အယောက်၆၀ လောက် ရှိတယ် ဈေးထဲက ငါးရံ့ခြောက် ကုန်ခြောက်တွေ ယူသွားပြီး ဈေးနောက်လမ်းကြား ပင်လယ်ပြာ ဆိုင်ရှေ့က ကားတွေ ဆွဲနေတယ်” လို့ ပြောသည်။
ဗန်းမော်ဈေး ၁ သို့ ည ၈နာရီခွဲအချိန် ရောက်ရှိလာ၍ ည ၁၀နာရီ ကျော်ခန့်အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
စစ်​​ကောင်စီတပ်ဖွဲ့ဝင်များမှ ယခုကဲ့သို ဈေးအတွင်းမှ ကုန်​ခြောက်များကို သယ်ယူသွားခြင်းသည် ​ဝယ်ယူသွားခြင်း ဟုတ် မဟုတ်ကိုမူ အတည်မပြုနိုင်သေးပါ။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တွင် ဧပြီလမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ