Breaking!!!

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်တွင် ယနေ့ ည ၈ နာရီခွဲခန့်တွင် အသံဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အသံဗုံးသည် ဆိုင်းတောင် အုပ်ချုပ်ရေးမှူးရုံးနားတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
“ည ၈ နာရီခွဲက ဖြစ်တာ၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ရုံးရဲ့ ဒီ ကားအဝင်မြောင်းနားမှာ အသံဗုံး နှစ်လုံးပေါက်တာ ဟုတ်တယ်” ဟု သူကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့‌သော်လည်း အထိအခိုက်မရှိကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ