ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ရင်း ခလရ ၂၉၇ ကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၄၃ က လက်နက်ကြီးဖြင့် နံနက် ၁၀ နာရီခွဲမှစတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးဖြင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုသည် နှစ်နာရီခန့်ကြာမြှင့်ခဲ့ပြီး နှစ်ဘက်အကျအဆုံးကို မသိရပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လီဒိုလမ်းတစ်လျှောက်စစ်အင်အားတိုးချဲ့ထားပြီး ကျေးရွာအချို့ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် ဧပြီလကလည်း ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းများကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Photo Credit – Irrawaddy

သင့်ထင်မြင်ချက်ရေးပေးပါ