စစ်ကောင်စီတပ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ယနေ့ည ၇ နာရီခွဲဝန်းကျင်မှစတင်၍ ကချင်လွတ်မြောက်ရေးတပ် (KIA)ရှိရာသို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမှ စစ်ကောင်စီတပ် ခမရ ၃၂၀ နှင့် ခမရ ၃၈၇တို့သည် ကေအိုင်အေရှိရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဟိုဘက်ကပစ်တာတော့မကြားရသေးဘူး။ စစ်တပ်ကပဲပစ်နေတာဟုတ်တယ်။ ၂တပ်စလုံးကပစ်တယ်။ လက်နက်ကြီးတွေနဲ့ တောင်ကုန်းဘက်ကြီးချိန်ပစ်နေတယ်။ အခုထိပစ်နေတုန်းပဲ ” ဟုသူကပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ကေအိုင်အေဘက်မှ အထိအခိုက်အကျအဆုံး မည်မျှရှိသည်ကို The 74 Media မှ အတည်ပြု နိုင်ခြင်းမရှိသေးပါ။

မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ