ကျောင်းသား ၅၀၀၀ ကျော်ရှိသည့် ဟိုပင်မြို့တွင် ကျောင်းလာအပ်သူ ၅၀ မပြည့်
ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယနေ့မှစတင်ပြီး ကျောင်းအပ် လက်ခံနေသော်လည်း ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူ ၅၀ ဦးပင် မပြည့်ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် လွိုင်ကော်ဒေသခံများ ထွက်ပြေးနေရပြီး တောထဲတွင် စားနပ်ရိက္ခာ ပြတ်တောက်တော့မည်ဟုဆို
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသိမ်းရှောင်နေရသော ဒေသခံများသည် စားနပ်ရိက္ခာပြတ်တောက်တော့မည်ဟု အဆိုပါ ဒေသခံများထံမှ သိရသည်။
ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကျေးရွာအချို့တွင် မေလ ၂၃ ရက်နေ့က ကျောင်းအပ်နှံရေးအတွက် အစည်းအဝေးတက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိဘများကို လိုက်လံပြောဆိုနေကြောင်းသိရသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခါနန်ရပ်ကွက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ ဦးမာရှောင်နှင့် ဒေါ်ရီရီဌေး တို့၏ သားဖြစ်သူ မောင်အောင်ဒီးဖြစ်ကြောင်း သူ၏ အဒေါ်တော်စပ်သူထံမှ သိရသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခါနန်ရပ်ကွက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ ဦးမာရှောင်နှင့် ဒေါ်ရီရီဌေး တို့၏ သားဖြစ်သူ မောင်အောင်ဒီးဖြစ်ကြောင်း သူ၏ အဒေါ်တော်စပ်သူထံမှ သိရသည်။
ဗန်းမော်မြို့နေရာအချို့တွင် ဗုံးကွဲ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့မွန်းလွှဲ ၂ နာရီခန့်က မြို့နယ်ပညာရေးရုံးနှင့် လျှပ်စစ်ရုံးတို့တွက် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
မိုးမောက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ယောကျာ်းလေးတစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံကျရောက်ပါက်ကွဲသဖြင့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
မိုးမောက်မြို့တွင် စစ်ကောင်စီတပ်များ လူနေအိမ်များတွင် စခန်းချထား
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုင်ခရိုဝေ့တောင်ခြေရှိ မြို့သစ်နှင့် စီဟတ်ရွာများတွင် စစ်ကောင်စီတပ်များက လူနေအိမ်များတွင် စခန်းချတပ်စွဲမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မိုးဗြဲရဲစခန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး အချို့ ပျောက်ဆုံးနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။