တိုက်ပွဲများကြောင့် လွိုင်ကော်ဒေသခံများ ထွက်ပြေးနေရပြီး တောထဲတွင် စားနပ်ရိက္ခာ ပြတ်တောက်တော့မည်ဟုဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသိမ်းရှောင်နေရသော ဒေသခံများသည် စားနပ်ရိက္ခာပြတ်တောက်တော့မည်ဟု အဆိုပါ ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် လွိုင်ကော်ဒေသခံများ ထွက်ပြေးနေရပြီး တောထဲတွင် စားနပ်ရိက္ခာ ပြတ်တောက်တော့မည်ဟုဆို

 

တိုက်ပွဲများကြောင့် မေလ ၂၂ ရက်နေ့ကတည်းက ထွက်ပြေးသိမ်းရှောင်ခဲ့ရသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မကြာမီအချိန်တွင် ၎င်းတို့၏ စားနပ်ရိက္ခာများ ပြတ်တောက်တော့မည်ဖြစ်သည်ဟု The 74 Media ကို ပြောသည်။
“ထွက်ပြေးနေတာက နှစ်ရက်ရှိပြီ၊ အခုကတော့စားစရာတွေယူလာတဲ့အတွက် အဲ့လောက်မခက်သေးပေမယ့် ကြာလာရင်က အခက်အခဲဖြစ်လာတော့မယ်”ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ကုန်းသာ၊ ကောခူ ၊မိုးဗြဲ နှင့် အခြားကျေးရွာအချို့မှဖြစ်ပြီး ယခုအချိန်အထိ ၎င်းတို့အနေဖြင့် မည်သည့် အကူအညီမှ မရသေးကြောင်း သူကဆက်ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ