ကျောင်းသား ၅၀၀၀ ကျော်ရှိသည့် ဟိုပင်မြို့တွင် ကျောင်းလာအပ်သူ ၅၀ မပြည့်

ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယ​နေ့မှစတင်ပြီး ကျောင်းအပ် လက်ခံနေသော်လည်း ​ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူ ၅၀ ဦးပင် မပြည့်ကြောင်း သိရသည်။

​ကျောင်းသား ၅၀၀၀ ကျော်ရှိသည့် ဟိုပင်မြို့တွင် ယနေ့ ​ကျောင်းအပ်သည့်ကျောင်းသားအရေအတွက် ၁ ရာခိုင်နှုန်းပင် မရှိ​ကြောင်း အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက The 74 Media ကို ပြောသည်။
“ဟိုပင်မြို့မှာ ကျောင်းသား ၅ ထောင်နီးပါး ရှိတယ်၊ မူ၊ လယ်၊ ထက် ကျောင်း အားလုံးပေါင်းတာတောင် တစ် ရာခိုင်နှုန်းတောင် မပြည့်ဘူး၊ ကျောင်းတွေမှာ လာအပ်တာ မရှိဘူး” ဟု ​ပြောသည်။
အထက မြသီတာတွင် ကျောင်းလာအပ်​သော ​ကျောင်းသား/​ကျောင်းသူ ၁၀ဦး​ကျော်၊ အထက စက်ကုန်းတွင် ၂၀ ဦးကျော်သာ ​ကျောင်းလာအပ်​ကြောင်း သူက ဆက်​ပြောသည်။
စစ်ကောင်စီမှ ဦးဆောင်သော ပညာရေးစနစ်တွင် ကျောင်းသွားမအပ်သည့် လုံခြုံ​ရေး​ကြောင့် အမည်မ​ဖော်လိုသူ ကျောင်းသားမိဘတစ်ဦးမှလည်း ယခုလို ပြောသည်။
“ကလေးတွေကို အထက ဟိုပင်မှာထားတာ၊ နှစ်ယောက်ရှိတယ်၊ ၅တန်းနဲ့ ၁၀တန်း ရှိတယ်၊ အဓိက က မကြိုက်လို့ မတက်တာ၊ အယုံအကြည်မရှိလို့ပေါ့” ဟု သူက ပြောသည်။

ဟိုပင်မြို့တွင် အထက ကျောင်း ၃ ကျောင်း၊ မူလွန်ကျောင်း ၃ ကျောင်း ၊ အမက ၅ ကျောင်း ရှိ​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ