ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး အချို့ ပျောက်ဆုံးနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်များက ရဟတ်ယာဉ်နှင့် တင့်ကားအပါအဝင် အလုံးအရင်းဖြင့် စစ်ကူချီတက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ဆုတ်ခွာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ