Breaking!!!

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့မွန်းလွှဲ ၂ နာရီခန့်က မြို့နယ်ပညာရေးရုံးနှင့် လျှပ်စစ်ရုံးတို့တွက် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အသံဗုံးဟုယူဆရသော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” နှစ်နေရာလုံးကတော့ အသံဗုံးပဲဟုတ်တယ်။ လျှပ်စစ်ရုံးကကြတော့ တစ်နာရီကျော်လောက်ကပေါက်တာ။ ပညာရေးရုံးကလည်း နှစ်နာရီဝန်းကျင်လောက်ကပဲပေါက်တာဟုတ်တယ်။ လျှပ်စစ်ရုံးမှာတော့ လူထိတာ မရှိဘူး” ဟုပြောသည်။

ထိခိုက် ပျက်ဆီးမှု မည်မျှရှိသည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ