မန်ခိန်ရပ်ကွက် ဘူးဂါးလျှပ်စစ်ဝင်းတွင် စစ်သားများ ဆက်လက်နေရာယူထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် နေရာယူထားသည့် စစ်သားများထွက်ခွာရန် မန်ခိန်ဒေသခံများက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် တောင်းဆိုခဲ့သော်လည်း စစ်သားများ ဆက်လက်နေရာယူထားသည်ဟု သိရသည်။