ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တပ်မတော်ဖမ်းဆီး
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌ ဆရာမကြီးဒေါ်မေရီမီနန်ကို ဖေဖော်ဝါရီလ ၁၀ ရက်ညနေပိုင်းတွင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တပ်မတော်ဖမ်းဆီး

လာရောက်ခေါ်ဆောင်သွားသည့်အချိန်တွင် မဲစာရင်းများနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆရာမကြီးဒေါ်မေရီမီနန်၏ ဆွေမျိုးများထံက သိရသည်။
လက်ရှိအချိန်တွင်သူမကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ဆရာမကြီးဒေါ်မေရီမီနန်သည် ယခင်က ကချင်ပြည်နယ်ဥပဒေအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဖမ်းဆီးခဲ့သော်လည်း ကော်မရှင်အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကို ဖမ်းဆီးထားခြင်းမရှိပါ။
ဓာတ်ပုံ – ဖမ်းဆီးခံထားရသည့် ဆရာမကြီးဒေါ်မေရီမီနန်
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *