ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ၏ ဥက္ကဋ္ဌ ဆရာကြီးဒေါ်မမနှင့် အတွင်းရေးမှူးဒေါ်ဝင်းစန္ဒာတို့ကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၈ နာရီခန့်တွင် အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

 

မည်သည့်အကြောင်းအရင်းကြောင့် ခေါ်ဆောင်သွားခဲ့သည်ကို မသိရကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဝန်ထမ်းတစ်ဦးက The 74 Media ကို ပြောသည်။
“ည ၈ နာရီလောက်က လာခေါ်သွားတာပါ၊ ဘာကြောင့် ခေါ်သွားသလဲဆိုတာတော့ အတိအကျ မသိပါဘူး”
၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေကူမြို့နယ်၏ မဲဆန္ဒနယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ