ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်ပေးဆွဲမှုများကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြစ်ကြီးနားလေကြောင်းပို့ဆောင်ရေးရုံးမှ သိရသည်။

ယခုရက်ပိုင်း ပြန်သန်းပြေးဆွဲမှု ရပ်နားခဲ့သည့် မြစ်ကြီးနားလေကြောင်းလိုင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း
မြစ်ကြီးနားလေဆိပ် မန်နေဂျာ ဦးစောနွဲ့ဖဟိန်းစေက The 74 Media ကို ပြောသည်။
“ကျွန်တော်တို့လေယာဉ်ကွင်းတွေကို အားလုံးပိတ်တယ်ဆိုတဲ့ဟာ ၁ ရက်နေ့မှာ ကြော်ငြာတာပေါ့နော်၊ မနေ့ည ၂ ရက်နေ့ ညနေ ၈ နာရီ ၂၀ ကစပြီးတော့ လေယာဉ်ကွင်းပြန်ဖွင့်တယ်ဆိုပြီး ပြန်ပြီးကြေညာတယ်၊
ဒါ ကြောင့် မနက်ဖြန် ၄ ရက်နေ့ကစပြီးတော့မှ လေကြောင်းလိုင်းတွေ ကျွန်တော်တို့မြစ်ကြီးနားကို ပြန်ဖို့ရှိတယ်” ဟုပြောသည်။
ပြန်သန်းပြေးဆွဲမည့်နေ့တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း ဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပူတာအိုမြို့များသို့ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ Golden Myanmar၊ Air KBZနှင့် Air Thanlwin လေကြောင်းလိုင်းများပြေးဆွဲသည်။
သင့်ထင်မြင်ချက်ရေးပေးပါ