နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အာဏာသိမ်းစစ်အစိုးရ ဖမ်းဆီးထားသူများကို ချက်ချင်းလွတ်ပေးရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တစ်ညီတစ်ညွှတ်တည်း တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအနေဖြင့်
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးကိုဆက်လက်ပံ့ပိုးကူညီရန်လိုအပ်သည်ဟုလည်း ဖော်ပြပါရှိပြီး
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံနှုန်းများကိုလေးစားလိုက်နာရန် တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် အကြပ်အတည်းများ၏ ဇာစ်မြစ်ကိုဖြေရှင်းရန်လိုပြီး စစ်ရှောင်ပြည်သူများ ဘေးကင်းလုံခြုံပြီး၊
မိမိသဘောဖြင့် ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်စေမည့် အခြေအနေများဖန်တီးပေးရန် တိုက်တွန်းသည်။
ထူးခြားသည်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံးက ထုတ်ပြန်ချက်ကို တစ်ညီတစ်ညွှတ်တည်း သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအဖြစ် တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် UK နိုင်ငံတို့ပါဝင်ပြီး
အဖွဲ့ဝင်နိုင်ငံများအဖြစ် အက်စတိုးနီးယား၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက်ဆီကို၊ နိုင်ဂျာ၊ နော်ဝေ၊ စိန့်ဗင်းဆင့်နှင့်ဂရီနာဒင်း၊ တူနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ