ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် နေရာယူထားသည့် စစ်သားများထွက်ခွာရန်

မန်ခိန်ဒေသခံများက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် တောင်းဆိုခဲ့သော်လည်း စစ်သားများ ဆက်လက်နေရာယူထားသည်ဟု သိရသည်။

 

မန်ခိန်ဒေသခံ ၂၀၀ ခန့်က သံပုံးများတီးခတ်ခြင်း၊ ဘူးဂါးမီးစက်ဝင်းဘေးတွင် ဝန်းရံခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း စစ်သားများ ထွက်ခွာသွားခြင်းမရှိခဲ့ပါ။

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဘူးဂါးလျှပ်စစ်ဝင်းတွင် ဝင်ရောက်နေရာယူထားသည်ဟု မန်ခိန်ဒေသခံများထံမှ သိရသည်။

ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ချီရေးကုမ္ပဏီသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ