ကချင်ပြည်နယ်လွှတ်တော်ဝန်ထမ်းများကို Civilian Disobedience Movement တွင် မပါဝင်ရန် ခြိမ်းခြောက်ထား
ကချင်ပြည်နယ်လွှတ်တော်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို စစ်အာဏာရှင်ဆန့်ကျင်သည့် Civilian Disobedience Movement တွင်မပါဝင်ရန် ခြိမ်းခြောက်အကျပ်ကိုင်ထားသည်ဟု လွှတ်တော်ဝန်ထမ်းများထံမှ သိရသည်။
ကချင်ပြည်နယ်လွှတ်တော်ဝန်ထမ်းများကို Civilian Disobedience Movement တွင် မပါဝင်ရန် ခြိမ်းခြောက်ထား

Civilian Disobedience Movement တွင် ပါဝင်ပါက ရာထူးမှထုတ်ပယ်ပြီး အပြစ်ပေးအရေးယူမည်ဟု ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် လွှတ်တော်အကြီးအကဲ ဦးလှဦးက ပြောကြားခဲ့သည်ဟု လွှတ်တော်ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီ CDM မှာ မပါရဘူးပေါ့နော်၊ ပါရင် ရာထူးက ထုတ်ပြီး အပြစ်ပေးအရေးယူမယ်လို့ ကျွန်မတို့ကို ခြိမ်းခြောက်ထားပါတယ်၊ ဒါကြောင့် ကျွန်မတို့ဝန်ထမ်းတွေက CDM မှာ ပါဝင်ချင်ပေမယ့် ကြောက်နေကြတယ်” ဟု ပြောသည်။
တပ်မတော်စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကချင်ပြည်နယ်လွှတ်တော်အပါအဝင် ကချင်ပြည်နယ်အစိုးရရုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ခဲ့ပြီး လုံခြုံရေးချထားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ